စိုက်ပျိုးရေးကဏ္ဍနှင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ
Directorate of Investment and Company Administration ၏ December 2015 မှတ်တမ်းအရ မြန်မာနိုင်ငံစိုက်ပျိုးရေးကဏ္ဍတွင် ရင်းနှီးမြုပ်နှံမှု အများဆုံးနိုင်ငံ ၁၀ နိုင်ငံအနက်မှ China, Singapore and Hong Kong နိုင်ငံတို့သည် ထိပ်ဆုံးသုံးနေရာတွင် နေရာယူထားလျှက်ရှိသည်။
UK နိုင်ငံသည် စတုတ္ထနေရာတွင်ရှိနေသော်လည်း စိုက်ပျိုးရေးကဏ္ဍသာမက အခြားစီးပွားရေးကဏ္ဍများတွင်လည်း ရှင်းနှီးမြုပ်နှံမှုများစွာရှိနေပြီး အခြားနိုင်ငံခြားနိုင်ငံများမှ မြုပ်နှံမှု ငွေများနှင့် တစ်ပေါင်းတည်း အကျိုးတူမြုပ်နှံထားမှုများလည်း ရှိနေသည်။ China နိုင်ငံသည် မြန်မာနိုင်ငံစိုက်ပျိုးရေးကဏ္ဍတွင် မြုပ်နှံမှု အကြီးဆုံး ရှိနေသောနိုင်ငံဖြစ်ပြီး Myanmar National Planning and Economic Development (2014-2015) ၏ဖော်ပြချက်များအရ $3.536bn ကျော် စိုက်ပျိုးရေးထွက်ကုန်များ တင်ပို့မှုရှိသည်ဟု သိရပါသည်။
ယခင်နှစ်အစောပိုင်းနှစ်များက ကဏ္ဍအလိုက်ခွဲခြားလေ့လာမှုမပြုခင်အချိန်တွင် China နှင့် Thailand နိုင်ငံတို့သည် မြန်မာနိုင်ငံတွင် အကြီးဆုံး ရှင်းနှီးမြှုပ်နှံသော နိုင်ငံများဖြစ်ပြီး အခြား Asian Investors နိုင်ငံများလဲရှိသည်။ Singapore, Malaysia, Indonesia, Vietnam, India and South Korea များဖြစ်ကြသည်။ မြန်မာနိုင်ငံအတွင်းမှ ရင်းနှီးမြှုတ်နှံသူများသည် ရာဘာ၊ ဆားအုန်းဆီ စိုက်ပျိုးရေးကဏ္ဍများတွင်သာ ပိုမိုရင်းနှီးမြှုပ်နှံမှုများရှိခဲ့ကြသည်။ Thai နိုင်ငံသည် မြန်မာနိုင်ငံ၏ တောင်ပိုင်းဒေသများတွင် ပိုမိုအားထားမြှုပ်နှံခဲ့ကြပြီး တရုတ်နိုင်ငံသည် မြောက်ပိုင်းဒေသများကို အားထား မြှုပ်နှံကြသည်။ သို့သော် အနောက်နိုင်ငံများမှ ရင်းနှီးမှုများကတော့ စိုက်ပျိုးရေးကဏ္ဍထက် စိုက်ပျိုးရေးထွက်ကုန်များနှင့် စားသောက်ကုန်လုပ်ငန်းများကို ပိုမိုအားထားခဲ့ပြီး ဥပမာ Cola နှင့် Heineken စသည့် လုပ်ငန်းကြီးများဖြစ်ကြပါသည်။
Source: Oxfam Discussion Paper (Jasmine Burnley, Daisy Gardener and Mark Grimsditch), Whose Crops, At What Price? Agricultural investment in Myanmar.