Wednesday, 05 April 2017 08:09

တောင်သမန်သစ္စာစီမံကိန်း

တောင်သမန်အင်း (မန္တလေး) တောင်သမန်အင်း (မန္တလေး) mgpyae.files.wordpress.com

     မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် တောင်သမန် ဦးပိန်တံတားအနီးရှိ တောင်သမန်သစ္စာကုမ္ပဏီ၏ စီမံကိန်းတည်ဆောက်ရေးလုပ်ငန်းများကို လိုအပ်သည့် စစ်ဆေးညှိနှိုင်းမှုများဆောင်ရွက်ပြီးကြောင်းသိရသည်။

ထို့ပြင်အကြံပြုချက်များအတိုင်း လိုက်နာလုပ်ဆောင်ရန် ကုမ္ပဏီဘက်မှ သဘောတူပြီး MIC နှင့် ပတ်သက်သည့် လုပ်ငန်းကျန်ရှိနေသေးကြောင်းသိရသည်။ ရှေ့ဟောင်းယဉ်ကျေးမှုမထိခိုက်စေရန်နှင့် မြန်မာနိုင်ငံဗိသုကာကောင်စီနှင့် အင်ဂျင်နီယာအသင်း၏ စစ်ဆေး အကြံပြုချက်များနှင့် ကြီးကြပ်မှုအတိုင်းကုမ္ပဏီဘက်မှ ပူးပေါင်းဆောင်ရွက်မည်ဆိုပါက လုပ်ငန်းစတင် နိုင်ရန် အဆင်ပြေသွားမည် ဖြစ်ကြောင်းသိရသည်။

      အဆောက်အအုံမှာ အိမ်ရာအဆောက်အအုံများပါဝင်သည့်အတွက် မြန်မာ့ရိုးရာနှင့် လိုက်ဖက်သည့် ဒီဇိုင်းဖြစ်ရန် လိုအပ်ပါသည်။ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နိုင်အောင် အမြန်ဆုံးနှင့် အတတ်နိုင်ဆုံးပြုလုပ်နေပြီး လုပ်ငန်းဆောင်ရွက်ရန် ညှိနှိုင်းမှုများအဆင်ပြေနေပြီဖြစ်သော်လည်း MIC လုပ်ငန်းများ ကျန်နေသေးကြောင်း သိရသည်။ စီမံကိန်းဆောင်ရွက်ရာတွင် ကုမ္ပဏီဘက်မှ လိုက်နာရမည့် အချက်များမှာ ရေဆိုးစွန့်ပစ်မှုကို သီးသန့်ပိုက်လိုင်းဖြင့် တံတားဖြူဘက်သို့စွန့်ထုတ်ရန်၊ မြေပြုပြင်ခြင်းလုပ်ရာတွင် မြေစာများ အင်းထဲသို့ မကျစေရန်အတွက် မြေထိန်းနံရံကို သဘာဝအတိုင်းပြုလုပ်ပေးရမည်ဖြစ်သည်။

      ထို့ပြင်ယခင်ဆောက်လုပ်ထားသည့် ပေ ၄၀ ကျော်အမြင့်ရှိသောအဆောက်အအုံများကို ပေ ၄၀ သို့လျှော့ချ တည်ဆောက်ရန်၊ မြေစာရင်းမြေပုံအရ ကန်နယ်နိမိတ်မှ ပေ ၁၂၀ အကွာတွင် ဆောက်လုပ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်စသည်တို့ပါဝင်ပါသည်။ ထို့အပြင်တောင်သမန်အင်းပတ်ဝန်းကျင် အမှိုက်သိမ်းစနစ်ကို ကုမ္ပဏီဘက်မှ အမြဲတမ်းစဉ်ဆက်မပြတ် တာဝန်ယူဆောင်ရွက်သွားရန်၊ သစ်ပင်ပန်းပင်များစိုက်ပျိုးရာတွင် ဒေသမျိုးရင်းအပင်များကို အဓိကထား စိုက်ပျိုးရာတွင် ဒေသမျိုးရင်းအပင်များကို အဓိကထားစိုက်ပျိုးသွားရန်နှင့် HIA အကြံပြုချက်အရ အမှန်တကယ် လိုက်နာရမည့်ဆောင်ရန် ရှောင်ရန်အကြံပြုချက် ၁၁ ချက်နှင့် သက်ဆိုင်ရာဌာနများအဖွဲ့အစည်းများ၏ ညွှန်ကြားချက်အတိုင်း မပျက်မကွက် လိုက်နာဆောင်ရွက်သွားရန်တို့လည်း ပါဝင်ပါသည်။

Read 1654 times Last modified on Monday, 15 January 2018 07:13
Rate this item
(0 votes)