Thursday, 23 February 2017 09:54

မြန်မာ့လက်မှုပညာ-ရွှေချည်ထိုးလုပ်ငန်း

မြန်မာ့လက်မှုပညာ-ရွှေချည်ထိုးလုပ်ငန်း Myanmar Industries Directory

         

  ရွှေချည်ထိုးပန်းချီကားများမှာ မြန်မာ့လက်မှုအနုပညာ စစ်စစ်ဖြစ်သည်။ မြန်မာ့ယဉ်ကျေးမှုနှင့် ဆက်စပ်နေသော ဓလေ့စရိုက်၊ သဘာဝ၊ ထုံးထမ်းစဉ်လာများကို သဘာဝကျသော ပန်းချီကားများအဖြစ်သို့ပြုလုပ်လေ့ရှိသည်။
 
           ရွှေချည်ထိုးပန်းချီကားများဖြစ်ပေါ်ရန် အဆင့်ဆင့်လုပ်ဆောင်ရမည်ဖြစ်သည်။ ရှေ့ဦးစွာ ပိတ်စကိုချုပ်ကာပေါင်ကြပ်ရမည်ဖြစ်ပြီး ထိုအသားပေါ်တွင်လိုအပ်သည့်ပုံများကို ထပ်မံပန်းချီ ဆွဲပေးရမည်။ ပန်းချီဆွဲပြီးသားပေါ်တွင် ရွှေကြိုး၊ ငွေကြိုး၊ ပုလဲ၊ သဒ္ဒါစေ့၊ ကြယ်ပြား၊ ကြယ်ခုံး၊ ရွှေလုံး၊ ငွေလုံးကြိုးများမှအစ ရွှေချည်ထိုးပစ္စည်းများကို အပ်ချည်ဖြင့်သီချုပ်ပေးရမည်။ ထို့နောက်ချည်ထိုးပြီးသည်နှင့် တစ်ပြိုင်နက်ခွင်ချခြင်းပြုလုပ်ပြီး ထိုခွင်အတွင်း ရွှေချည်ထိုး ပန်းချီကားကိုကပ်ကာချုပ်ပေးခြင်းနှင့် ဖောင်းကြွဖြစ်စေရန်ဂွမ်းထိုးခြင်း၊ ပိတ်ပိတ်ခြင်းမှအစ အနုစိပ်လုပ်ဆောင် ရမည်ဖြစ်သည်။   
            ရွှေချည်ထိုးပန်းချီကားများသည် နိုင်ငံခြားသားအများစုအထူးနှစ်သက်သော မြန်မာ့လက်မှုပစ္စည်းများဖြစ်သည်။ ရွှေချည်ထိုးပန်းချီကားများကို ယခုအခါတွင်ပြည်ပဈေးကွက်သို့ထိုးဖောက်နိုင်ရေးအတွက် စတင်ကြိုးပမ်း လာကြမည်ဖြစ်ပါသည်။ အနုစိပ်ဒီဇိုင်းများ၊ မြန်မာ့အနုပညာလက်ရာကိုပြသသော ရွှေချည်ထိုးပန်းချီကားများကို ရွေးချယ်ပြုလုပ် လာကြသည်။ ယခုလက်ရှိကာလတွက် အများစုအော်ဒါမှာယူသော ပန်းချီကားအမျိုးအစားလေးဆယ်ခန့်ကို အရွယ်အစား အမျိုးမျိုးဖြင့် ပြုလုပ်ပေးရသည်။ နိုင်ငံခြားသံရုံးများမှ သက်ဆိုင်ရာ နိုင်ငံအထိမ်းအမှတ်ပုံဒီဇိုင်းများကို အော်ဒါမှာလေ့ရှိကြသည်။ မြန်မာ့ရွှေချည်ထိုးလုပ်ငန်းသည်တစ်နည်းအားဖြင့် မြန်မာနိုင်ငံအတွက် နိုင်ငံခြားဝင်ငွေတိုးပွားစေရန် အထောက်အကူ ပြုပေးသော လုပ်ငန်းတစ်ခုဖြစ်ပါသည်။
 
 
 
 

Read 1980 times Last modified on Monday, 28 September 2020 03:34
Rate this item
(0 votes)