Wednesday, 11 January 2017 09:36

ပုသိမ်မြို့

NgweSaung Beach NgweSaung Beach

ပုသိမ်မြို့သည်  အရေးအပါဆုံး မြစ်ဝကျွန်းပေါ်ဆိပ်ကမ်းမြို့ တစ်ခုဖြစ်ပြီး  မြန်မာနိုင်ငံ၏ ပဉ္စမမြောက်အကြီးဆုံး မြို့ ဖြစ်ပါတယ်။ မွန်ဘုရင့်နိုင်ငံတော်၏

တစ်စိတ်တစ်ပိုင်းဖြစ်ခဲ့သော ပုသိမ်မြို့တွင် ဗြိတိသျှတို့က ခံတပ်တည်ဆောက်ခဲ့ပြီး ပထမ အင်္ဂလိပ်-မြန်မာစစ်အပြီး ၁၈၂၆ ခုနှစ်တွင် စတင်တပ်စွဲခဲ့ဖူးပါတယ်။ လူဦးရေ စုစုပေါင်း  ၁၆၃၀၇၁၆ ကျော်ရှိသော ပုသိမ်မြို့တွင် ထီးလုပ်ငန်းများ၊ ဆန်စက်များနှင့် သစ်စက်များကို မြို့အနှံ့ တွေ့နိုင်ပြီး စိုက်ပျိုးရေးထုတ်ကုန်များဖြစ်သည့် ဆန်၊ ပဲ နှင့် ပဲမျိုးစုံ ရောင်းဝယ်ကြပါတယ်။

ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေးအေဂျင်စီ တို့က ပြုစုထားသည့် ၂၀၄၀ မြို့ပြဖွံ့ဖြိုးရေး အစီအစဉ်အရ ပုသိမ်မြို့သည်  သယ်ယူပို့ဆောင်ရေးအချက်အချာနေရာဖြစ်လာမည်ဖြစ်ပြီး ပြည်တွင်းစိုက်ပျိုးရေးလုပ်ငန်းအတွက် အဓိကနေရာနှင့် ခရီးသွားများကို ဆွဲဆောင်ရာနေရာတစ်ခုဖြစ်လာရန် အစီအစဉ်များ ထည့်သွင်းရေးဆွဲထားကြောင်း သိရပါတယ်။ ပုသိမ်စက်မှုမြို့တော်ကို Ayeyarwaddy Development Public Co., Ltd. က စတင်တည်ဆောက်နေပြီး  ဧကပေါင်း ၁၇၇၀ ကျယ်ဝန်းကာ ပုသိမ်ဆိပ်ကမ်းနှင့် ၄ ကီလိုမီတာ အကွာတွင် တည်ရှိပါတယ်။ အဆိုပါ စက်မှုမြို့တော်မှာ ၂၀၁၉ ခုနှစ်တွင် ပြီးစီးမည်ဖြစ်ပြီး အထည်ချုပ်လုပ်ငန်းများ၊ စိုက်ပျိုးရေးနှင့် ရေထွက်ပစ္စည်းလုပ်ငန်းများ၊ စိုက်ပျိုးရေးနှင့်ဆက်နွယ်သော   စက်မှုလုပ်ငန်းများနှင့် သယ်ယူပို့ဆောင်ရေး၊ သိုလှောင်ရုံများကို သင့်လျှော်မှုရှိစေရန် တည်ဆောက်သွားမှာ ဖြစ်ပါတယ်။

          ပို့ဆောင်ရေးလမ်းကြောင်းအနေဖြင့် ပုသိမ်-မုံရွာကားလမ်းသည် ဧရာဝတီမြစ်အနောက်ဘက်ကမ်းရှိ မြို့ရွာများကို ချိတ်ဆက်ပေးထားပါတယ်။ ပုသိမ်မြို့ရှိ လေ့လာလည်ပတ်စရာများကတော့    ရွှေမော်ဓောစေတီ၊ မော်တင်စွန်းဘုရား၊ ညောင်ချောင်းသာ၊ ငွေဆောင်ကမ်းခြေ နှင့် ချောင်းသာကမ်းခြေ တို့ဖြစ်ပါတယ်။

Read 1077 times Last modified on Monday, 15 January 2018 06:54
Rate this item
(0 votes)