ရန်ကုန်တိုင်းဒေသကြီးအား ခရိုင်(၄)ခု၊ မြို့နယ် (၄၅)ခုဖြင့် ဖွဲ့စည်းထားသည်။ ရန်ကုန်တိုင်းတွင် တိုင်းရင်းသားလူမျိုးပေါင်းစုံ နေထိုင်ကြ သော်လည်း အများစုမှာ မြန်မာလူမျိုးများဖြစ်သည်။ မြန်မာနိုင်ငံ၏ အထင်ကရဖြစ်သော ရွှေတိဂုံစေတီတော်သည် နိုင်ငံခြားသား ခရီးသွား
ဧည့်သည်များ စိတ်ဝင်တစား လေ့လာ ကြသည့် နေရာတစ်ခုဖြစ်သည်။
ရန်ကုန်မြို့သည် ဆိပ်ကမ်းမြို့တစ်ခုလည်း ဖြစ်သည်။ ပင်လယ်ရေကြောင်း သင်္ဘောများနှင့် ကမ္ဘာလှည့်ခရီးသည်တင်သင်္ဘောများ ရန်ကုန်ဆိပ်ကမ်းများသို့ ဆိုက်ကပ်လေ့ ရှိသဖြင့် နိုင်ငံရပ်ခြားဒေသများနှင့်
ကုန်စည် စီးဆင်းမှု အဆင်ပြေသည်။ မြန်မာနိုင်ငံ အနှံ့အပြားသို့ ကား၊ ရထား၊ လေကြောင်းလိုင်းများဖြင့် အလွယ် တကူသွားလာနိုင်သည်။ ရန်ကုန်မြို့တွင် အပြည်ပြည်ဆိုင်ရာလေဆိပ် ရှိသဖြင့် နိုင်ငံရပ်ခြား ဒေသများသို့ အလွယ်တကူ ဆက်သွယ်သွားလာနိုင်သည်။
နိုင်ငံခြားသားကုန်သည်များ၊ ကမ္ဘာလှည့် ခရီသွားများ အများဆုံး ၀င်ထွက် သွားလာကြသည့်အတွက် နိုင်ငံတကာအဆင့်မီ ဟိုတယ်များ အပန်းဖြေ ဥယျာဉ်များများစွာ တည်ဆောက်ထားသည်။ ရန်ကုန်မြို့တွင် စက်ရုံ အလုပ်ရုံများစွာရှိသည့်အတွက် အလုပ်အကိုင် အခွင့်အလမ်းများစွာ
ရရှိသည်။