တနင်္သာရီ
Tanintharyi
တနင်္သာရီတိုင်းသည် မြန်မာနိုင်ငံတောင်ပိုင်း အစွန်ရှိ ဒေသကြီး တစ်ခု ဖြစ်ပြီး အနောက်ဘက်ခြမ်း တစ်ခုလုံးသည် ကပ္ပလီပင်လယ်ပြင်နှင့် ထိစပ်လျက် တည်ရှိနေသည်။ တနင်္သာရီတိုင်းကို ခရိုင်(၃)ခု၊ မြို့နယ်(၁၀)ခုဖြင့် ဖွဲ့စည်းထားသည်။ တနင်္သာရီတိုင်းတွင် ဗမာ၊ ရခိုင်၊ မွန်၊ ရှမ်း၊ ကရင်၊ ဆလုံ စသော လူမျိုးများ နေထိုင်ကြသည်။ တနင်္သာရီဒေသကြီးသို့ ရေလမ်း၊ လေကြောင်းလမ်းများဖြင့် သွားလာနိုင်သည်။ မြန်မာနိုင်ငံ၏ တောင်ဘက် အစွန်ဆုံးမြို့ဖြစ်သော ကော့သောင်းမြို့တွင် လေဆိပ်ရှိပြီး ပုံမှန်လေကြောင်းလိုင်းများရှိသည်။ ကမ်းရိုးတန်းဒေသဖြစ်သောကြောင့် ရေလုပ်ငန်းဖြင့် အသက်မွေးကြသည်။ တနင်္သာရီဒေသကြီး၏ ထားဝယ် မြို့အနီး မောင်းမကန်ကမ်းခြေသည် မြန်မာနိုင်ငံပင်လယ်ကမ်းခြေများအနက် လှပသာယာသော ကမ်းခြေ တစ်ခုဖြစ်သည်။ ယင်းကမ်းခြေအနီးတွင် ရေပူစမ်းလည်းရှိသည်။ တနင်္သာရီဒေသကြီးသည် မြန်မာနိုင်ငံ၏ ခဲမဖြူ၊ အဖြိုက်နက်ထွက်ရှိမှု စုစုပေါင်း၏ ၆၂ ရာခုင်နှုန်း ထွက်သောဒေသကြီး ဖြစ်သည်။ ပုလဲ မွေးမြူရေးလုပ်ငန်းလည်း လုပ်ကိုင်ကြသည်။ ထားဝယ်ကမျောကင်းတွင် ပင်မခဲမဖြူ သန့်စင်စက်ရုံတည်ရှိပြီး၊ မြိတ်မြို့တွင် ပီလောပီနံအမှုန့်ထုတ် စက်ရုံရှိသည်။ တနင်္သာရီဒေသကြိးတွင်များစွာရှိသည်။ အဓိက စီးပွားရေးလုပ်ငန်းများမှာ ရေလုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်းဖြစ်သည်။ တနင်္သာရီတိုင်းဒေသကြီးအတွင် ရာဘာနှင့် ဆီအုန်းလုပ်ငန်းများ၊ ဒူးရင်း၊ မင်းဂွတ်စသည့် သီးနှံဧက သိန်းနှင့်ချီ၍ စိုက်ပျိုးထားရှိသည်။ ၄င်းအပြင် အုန်းခြံများလည်းရှိသည်။ မြိတ်မြို့တွင် အအေးခန်းစက်ရုံများနှင့် ငါးပုစွန်ပြုပြင်ထုတ်လုပ်သည့် စက်ရုံများ၊ ရာဘာစက်ရုံစသည့် စက်ရုံ လုပ်ငန်းများစွာရှိသည်။ ရေထွက်ကုန်များအား ရန်ကုန်မြို့သို့ လည်းကောင်း၊ မြိတ်မြို့နှင့် ကော့သောင်းမြို့ရှိ နယ်စပ်ကုန်သွယ်ရေး စခန်းများမှ တစ်ဆင့် အိမ်နီးချင်း နိုင်ငံသို့ တင်ပို့ရောင်းချကြသည်။

Division - City / Township

► Yangon

Our Other Websites

image image image