ရခိုင်
Rakhine
ရခိုင်ပြည်နယ်တွင် ခရိုင် ၄ခု၊ မြို့နယ် ၁၇ ခု ဖြင့် ဖွဲ့စည်းထားသည်။ မြို့တော်မှာ စစ်တွေမြို့ဖြစ်သည်။ ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံအနောက်ဖက် ဘင်္ဂလားပင်လယ်ရိုးတန်းတစ်လျှောက်နှင့် ရခိုင်ရိုးမကြားတွင် တည်ရှိသဖြင့် ကျွန်းများ တောင်များနှင့် ပြည့်နှက်လျက်ရှိသည်။ ထို့ကြောင့် အရင်က လမ်းပန်းဆက်သွယ်ရေးအတွက် ကားလမ်းထက် ရေကြောင်းလမ်းကိုသာ အဓိကအသုံးပြုခဲ့သည်။ ယခုအခါ ကားလမ်း၊ ရထားလမ်းများကို ဖောက်လုပ်လျက်ရှိရာ ကုန်စည်စီးဆင်းမှုအတွက် လည်းကောင်း လမ်းပန်းဆက်သွယ်ရေးအတွက် လည်းကောင်း ပိုမိုကောင်းမွန်လာပါသည်။ နာမည်ကြီး အပန်းဖြေကမ်းခြေဖြစ်သော ငပလီကမ်းခြေမှာ သံတွဲမြို့နယ်တွင် ရှိပါသည်။ သံတွဲလေဆိပ်ရှိသဖြင့် ရန်ကုန်မှ လေယာဉ်ဖြင့် သွားရောက်အပန်းဖြေနိုင်သည်။ ခရီးသွားများ အပန်းဖြေတည်းခိုနိုင်ရန် နိုင်ငံတကာအဆင့်မီ ဟိုတယ်များ၊ တည်းခိုခန်းများလည်း တည်ဆောက်ထားသည်။ ထိုသို့ အပန်းဖြေကမ်းခြေများ ရှိခြင်းကြောင့် ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းအတွက် ကောင်းမွန်စွာ လုပ်ဆောင်နိုင်ပါသည်။ ရခိုင်ပြည်နယ်သည် ကမ်းရိုးတန်းဒေသဖြစ်သည့်အလျှောက် ရေလုပ်ငန်း ပိုမိုထွန်းကားသည်။ ကျွန်းများ ပေါများသဖြင့် ပင်လယ်ငါးဖမ်းလုပ်ငန်းကို အဓိကလုပ်ကိုင်လျက်ရှိသည်။ လယ်ယာလုပ်န်းနှင့် တောင်ယာလုပ်ငန်းများ အပြင် ဥယျာဉ်ခြံစိုက်ပျိုးရေးလုပ်ငန်းများကိုပါ လုပ်ကိုင်ကြသည်။ ယခုအခါ ရွှေဖြူဟုခေါ်သော ရာဘာစိုက်ခင်းများကို စိုက်ပျိုးလုပ်ကိုင်လာကြသည်။

Division - City / Township

► Yangon

Our Other Websites

image image image