နေပြည်တော်
Nay Pyi Taw
နေပြည်တော်သည် ယခင်က မန္တလေးတိုင်း၊ ပျဉ်းမနားခရိုင်အတိုင်းတွင် ပါဝင်ခဲ့သည်။ ယခုအခါ နေပြည်တော်ကို မြန်မာနိုင်ငံ၏ မြို့တော်အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ပြီး နေပြည်တော်ခရိုင်ဖြစ်လာခဲ့သည်။ မြန်မာနိုင်ငံ၏ အစိုးရရုံးစိုက်ရာမြို့လည်းဖြစ်သည်။ နေပြည်တော် တွင်မြို့နယ်၎ခုပါဝင်သည်။ နေပြည်တော်တွင် ဗမာလူမျိုးအများဆုံးနေထိုင်ပြီး တိုင်းရင်းသား အနည်းငယ်ရှိသည်။ နေပြည်တော်သို့ ကားလမ်း၊ ရထားလမ်း၊ လေကြောင်းလမ်းများဖြင့် အလွယ်တကူ ဆက်သွယ်သွားလာနိုင်သည်။ မြန်မာနိုင်ငံ၏မြို့တော် ဖြစ်သည်နှင့်အညီ အဆင့်မြင့် ဟိုတယ်များ၊ မိုတယ်များ၊ သန့်ရှင်းသပ်ရပ်သော အဆင့်မီစားသောက်ဆိုင်များစွာ ရှိသည်။ ခေတ်မီလှပသော အပန်းဖြေစခန်းများ၊ အဆင့်မီ ဟိုတယ်များ ရှိခြင်းကြောင့် ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းအတွက် အကျိုးဖြစ်ထွန်းစေသည်။ အဆင့်မီကုန်တိုက်များ၊ ရုပ်ရှင်ရုံများလည်းရှိသည်။ မြန်မာ့ကျောက်မျက် ရတနာပြတိုက်နှင့် မဏရတိနာကျောက်စိမ်းခန်းမစသော နိုင်ငံတကာအဆင့်မီ ကျောက်မျက်ရတနာခန်းမက နိုင်ငံခြားသားများအတွက် စွဲဆောင်မှု တစ်မျိုးဖြစ်ပြီး နိုင်ငံခြားဝင်ငွေ အတွက်လည်း အထောက်အကူ ဖြစ်သည်။

Division - City / Township

► Yangon

Our Other Websites

image image image