မွန်
Mon
မွန်ပြည်နယ်ကို ခရိုင်(၂)ခု၊ မြို့နယ်(၁၀)ခု၊ မြို့နယ်ခွဲ(၂)ခုတို့ဖြင့် ဖွဲ့စည်းထားသည်။ မွန်ပြည်နယ်၏ မြို့တော်မှာ မော်လမြိုင်မြို့ ဖြစ်သည်။ သံလွင်မြစ်ဝရှိ ဘီလူးကျွန်းသည် အလွန်စည်ကားသော ကျွန်းကြီး တစ်ကျွန်းဖြစ်သည်။ မွန်ပြည်နယ်သည် ရထားလမ်း၊ ကားလမ်းများ၊ ရေကြောင်းလမ်း၊ လေကြောင်း လမ်းများဖြင့် အလွယ်တကူသွားလာနိုင်သည်။ ယခုအခါ သံလွင်မြစ် ဖြတ်ကျော် သံလွင်တံတား(မော်လမြိုင်) တည်ဆောက်ပြီးစီးသွားသည့်အတွက် ကား၊ ရထားများဖြင့် ပို့ဆောင်ဆက်သွယ်ရေး ယခင်ကထက် ပိုမိုအဆင်ပြေလျက်ရှိပါသည်။ မော်လမြိုင် မြို့တွင် လေယာဉ်ကွင်းရှိသည်။ မွန်ပြည်နယ်သည် ရာသီဥတု ကောင်းမွန်သဖြင့် စိုက်ပျိုးရေးအထူးထွန်းကားသည်။ အဓိကသီးနှံမှာ ဆန်စပါး ဖြစ်သည်။ ဒုတိယသီးနှံတစ်ခုမှာ စက်မှုသီးနှံဖြစ်သော ရာဘာပင် ဖြစ်သည်။ မွန်ပြည်နယ်၏ အခြားထွက်ကုန်တစ်ခုမှာ ကွမ်းသီးခြောက်များ ဖြစ်သည်။ ထိုကွမ်းသီးခြောက်များကို တရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိသည်။ မွန်ပြည်နယ်၏ ထွက်ကုန်တစ်ခုမှာ ဆား ဖြစ်သည်။ မော်လမြိုင်မြို့တော်၏ အောက်နားရှိ ကရုပ္ပိ၊ ပင ရွာကြီးများ၏ ဝန်းကျင်တွင် ဆားကွင်း ဧကများစွာ တွေ့ရသည်။ ထို့အပြင် ကျောက်ပုစွန်နှင့် ငါးအရှင်များကိုပါ တရုတ်ပြည်သို့ တင်ပို့နေသည်။ သံလွင်မြစ်ဝရှိ ဘီလူးကျွန်းသည် ဓာတုအခြေခံရိုးရာ လက်မှုပညာပစ္စည်းများ အထွက်ဆုံးနေရာလည်း ဖြစ်သည်။ မော်လမြိုင်မြို့ မုပွန်ရပ်တွင် ပန်းကန်စက်ရုံရှိသည်။

Division - City / Township

► Yangon

Our Other Websites

image image image