ကရင်
Kayin
ကရင်ပြည်နယ်ကို ခရိုင်(၃)ခု၊ မြို့နယ်(၇)ခု၊ မြို့နယ်ခွဲ(၆)ခုဖြင့် ဖွဲ့စည်းထားသည်။ ကရင်ပြည်နယ်၏မြို့တော်မှာ ဘားအံမြို့ဖြစ်သည်။ ရှေးအခါက ကရင်ပြည်နယ်အတွင်း သွားလာမှုမှာ ရေကြောင်းကိုသာ အားကိုးရသော်လည်း ယခုအခါ ကားလမ်းဖြင့်လည်း သွားလာနိုင်ပြီ ဖြစ်သည်။ လေကြောင်းလမ်းဖြင့်လည်း ကရင်ပြည်နယ်သို့ သွားရောက်နိုင်သည်။ မြန်မာ-ထိုင်းနယ်စပ်မြို့ဖြစ်သော မြဝတီမြို့သည် ထိုင်းနိုင်ငံ မဲဆောက်မြို့နှင့် သောင်းရင်းမြစ်ကို ဖြတ်ကျော်တည်ဆောက်ထားသော ချစ်ကြည်ရေးတံတားကြီးကြောင့် ကုန်စည်စီးစင်းမှု မှန်ကန်နေသည်။ မြဝတီမြို့တွင် နယ်စပ်ကုန်သွယ်ရေးစခန်းရှိပြီး ကူးသန်းရောင်းဝယ်ရေး အတွက် အချက်အခြာကျသည်။ ကုန်ကားများ နေ့စဉ်ဝင်ထွက်/သွားလာနေသဖြင့် စည်ကားသော မြို့တစ်မြို့ဖြစ်လေသည်။ ကရင်ပြည်နယ်သည် ရာသီဥတု ကောင်းမွန်သဖြင့် သီးနှံမျိုးစုံ စိုက်ပျိုးဖြစ်ထွန်းသည်။ ဆန်စပါးကို အဓိကထား စိုက်ပျိုးကြသည်။ ခြံစိုက်ပျိုးချင်းအလုပ်ကိုလည်း လုပ်ကိုင်ကြပါသည်။ ခြံစိုက်ပျိုးရေးတွင် ဒူးရင်း၊ သရက်၊ မင်းဂွတ် အစရှိသည့် သီးနှံများကို စိုက်ပျိုးကြပါသည်။ ကရင်ပြည်နယ်၏ မြောက်ဘက်တွင်ရှိသော သံတောင်မြို့သည် ကော်ဖီစက်ရုံနှင့် လက်ဖက်ခြောက်စက်ရုံများ ရှိသည်။ မြိုင်ကလေးတွင် ဘိလပ်မြေစက်ရုံ ရှိသဖြင့် ဘိလပ်မြေသည် ကရင်ပြည်နယ်၏ ထွက်ကုန်တစ်ခုလည်း ဖြစ်ပါသည်။

Division - City / Township

► Yangon

Our Other Websites

image image image