ပဲခူး
Bago
ပဲခူးတိုင်းဒေသကြီး၏မြို့တော်မှာ ပဲခူးမြို့ဖြစ်ပြီး ပဲခူးမြစ်အရှေ့ဘက်နှင့် စစ်တောင်းတူးမြောင်း အနီးတွင် တည်ရှိသည်။ မြန်မာနိုင်ငံ၏ စတုတ္ထ အကြီးဆုံးမြို့ ဖြစ်သည်။ ပဲခူးတိုင်းဒေသကြီးကို ခရိုင် (၄)ခု၊ မြို့နယ်ပေါင်း(၂၈)မြို့နယ်ဖြင့် ဖွဲ့စည်းထားသည်။ ပဲခူးတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးသို့ ကားလမ်း၊ ရထားလမ်းတို့ဖြင့် ဆက်သွယ်ကူးသန်း သွားလာနိုင်သည်။ ပဲခူးတိုင်းဒေသကြီး၏ ပြည်မြို့တွင် ပြည်တွင်းလေဆိပ်ရှိသည်။ ပဲခူးတိုင်းဒေသကြီး၏ မြောက်ဘက်စွန်းရှိ တောင်ငူဒေသတဝိုက်တွင် တောင်တန်းထူထပ်ပြီး သစ်တောဧရိယာများပြား၍ သစ်ထုတ်လုပ်ရေးကို အဓိကစီးပွါးရေးအဖြစ် ဆောင်ရွက် ခဲ့ကြသည်။ ပဲခူးတိုင်းဒေသကြီး၏ ဒိုက်ဦးမြို့တွင် ကော်မှုန့်စက်ရုံ၊ အချိုမှုန့်စက်ရုံ၊ ရေနီတွင် စက္ကူစက်ရုံ၊ ဆင်တဲ၊ ညောင်ချေထောက်နှင့် ထုံးဘိုတို့တွင် အကြီးစား စက်မှုလုပ်ငန်းစက်ရုံများရှိသည်။ ထို့ပြင် ရေတာရှေတွင် သကြားစက်ရုံ၊ ဇေယျဝတီတွင် စည်သွပ်စက်ရုံ၊ ဆွာတွင် အထပ်သားစက်ရုံ တို့လည်းရှိသည်။ ပဲခူးတိုင်းဒေသကြီးတွင် ပုဂ္ဂလိက စက်ရုံ အလုပ်ရုံပေါင်း သုံးထောင် ခန့်နှင့် နိုင်ငံတော်ပိုင် စက်ရုံ အလုပ်ရုံပေါင်း တစ်ရာခန့်ရှိသည်။ ပဲခူးတိုင်းဒေသကြီးတွင် ရေအားလျှပ်စစ်ထုတ်လုပ်နိုင်သော ဆည်ကြီး ၁၁ ဆည်ရှိသည်။

Division - City / Township

► Yangon

Our Other Websites

image image image