ဧရာဝတီ
Ayeyarwaddy
ဧရာဝတီတိုင်းဒေသကြီးသည် ဧရာဝတီမြစ်၏ မြစ်ဝကျွန်းပေါ်ဒေသဖြစ်ပြီး၊ မြန်မာနိုင်ငံ၏ အနောက် တောင်ဘက်တွင် တည်ရှိသည်။ ဧရာဝတီတိုင်းဒေသကြီးကို ခရိုင် (၅)ခု၊ မြို့နယ် (၂၆)ခု၊ မြို့နယ်ခွဲ (၇)ခုတို့ဖြင့် ဖွဲ့စည်းထားသည်။ ဧရာဝတီတိုင်း ဒေသကြီး၏ မြို့တော်မှာ ပုသိမ်မြို့ဖြစ်သည်။ ဧရာဝတီတိုင်းဒေသကြီးသည် ယခင်က လမ်းပန်းဆက်သွယ်ရေး၌ ရေလမ်းကိုသာ အားကိုးခဲ့ရသော်လည်း ယခုအခါ တံတားကြီးများ တည်ဆောက်ပြီးစီးပြီဖြစ်သဖြင့် မြို့အားလုံးနီးပါးသည် ကားလမ်းဖြင့် ဆက်သွယ်သွားလာနိုင်ပြီ ဖြစ်သည်။ ဧရာဝတီတိုင်း ဒေသကြီး၏ ပုသိမ်မြို့တွင် လေဆိပ်ရှိသည်။ သာပေါင်းမြို့တွင် တန်(၂၀၀) ပျော့ဖတ်နှင့် စက္ကူစက်ရုံကြီး၊ မြောင်းမြ ဂုံနီစက်ရုံ၊ ပုသိမ်မှန်စက်ရုံ၊ အထပ်သားစက်ရုံတို့ရှိသည်။ မြန်မာနိုင်ငံ၏ အကြီးဆုံးစပါးကျီကြီးဟု တင်စားခံရလောက်အောင် စပါးစိုက်ပျိုးမှု ဧရိယာအများဆုံး တိုင်းဒေသကြီး ဖြစ်သည်။ ဂုန်လျှော် အများဆုံးစိုက်သည့်ဒေသလည်း ဖြစ်သည်။ ငါး၊ပုစွန်မျိုးစုံအပြင်၊ ငါးပိ၊ ငါးခြောက်၊ ငံပြာရည်၊ ပုစွန်ခြောက်တို့ ထွက်သည်။ ဧရာဝတီတိုင်းဒေသကြီး၏ မြန်အောင်၊ ရွှေပြည်သာ၊ ကြံခင်း၊ ထန်းတပင်၊ အဖျောက်တို့တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့စက်ရုံများလည်း ရှိသည်။

Division - City / Township

► Yangon

Our Other Websites

image image image